Home » Announcements » UAEနိုင်ငံ ဒူဘိုင်းတွင် ပြုလုပ်ကျင်းပမည့် “2019 First Global Challenge” ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လိုသူများအား ဖိတ်ခေါ်ခြင်း

UAEနိုင်ငံ ဒူဘိုင်းတွင် ပြုလုပ်ကျင်းပမည့် “2019 First Global Challenge” ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လိုသူများအား ဖိတ်ခေါ်ခြင်း

UAEနိုင်ငံ ဒူဘိုင်းတွင် ပြုလုပ်ကျင်းပမည့် “2019 First Global Challenge” ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လိုသူများအား ဖိတ်ခေါ်ခြင်း

UAE နိုင်ငံ ဒူဘိုင်းတွင် October 3-5,2019 အတွင်း ကျင်းပမည့် “2019 First Global Challenge” ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် မြန်မာနိုင်ငံကိုယ်စားပြုအသင်းအား ရွေးချယ်နိုင်ရန် “Myanmar Roboleague 2019” ပြိုင်ပွဲအား ကျင်းပမည်ဖြစ်ပါသောကြောင့် ကွန်ပျူတာတက္ကသိုလ်(မန္တလေး) မှ ပါဝင်ယှဉ်ပြိုင်လိုသည့် ကျောင်းသား/သူများအား ဖိတ်ခေါ်အပ်ပါသည်။ “Myanmar Roboleague 2019” နှင့်ပတ်သက်သော အချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

 

(၁) “Myanmar Roboleague 2019” အား Phandeeyar (ဖန်တီးရာ) Makerspace မှ ကူညီထောက်ပံ့မည် ဖြစ်ပါသည်။

 

(၂) “Myanmar Roboleague 2019”၏Theme မှာ “Diaster and Rescue:Flood” ဖြစ်ပါသည်။

 

(၃) “Myanmar Roboleague 2019” အတွက် ပါဝင်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထားသော တက္ကသိုလ်ပေါင်း (၄၆)ခုရှိပါသည်။ ၎င်းတက္ကသိုလ်များမှ တိုင်းနှင့်ပြည်နယ် ကိုယ်စားပြု (၁၄)သင်းအား ရွေးချယ်၍ နိုင်ငံအဆင့်ပြိုင်ပွဲ ပြုလုပ်ကာ မြန်မာနိုင်ငံ ကိုယ်စားပြုအသင်းတစ်သင်းအား ရွေးချယ်မည် ဖြစ်ပါသည်။

 

(၄) စာရင်းပေးသွင်းထားသော တက္ကသိုလ်(၄၆)ခုမှ တက္ကသိုလ်တစ်ခုလျှင် Participants(ယှဉ်ပြိုင်သူ) (၅)ဦးနှင့် Mentor(နည်းပြ) (၁)ဦးစီရွေးချယ်မည် ဖြစ်ပါသည်။ ပါဝင်ယှဉ်ပြိုင်လိုသော ကျောင်းသား/သူများသည် Registration ပြုလုပ်၍ Online IQ Quiz မေးခွန်း(၃၀)အား ဖြေဆိုချိန် တစ်နာရီအတွင်း တစ်ကြိမ်သာ ဖြေဆိုရမည် ဖြစ်ပါသည်။ Registration ပြုလုပ်ရာတွင် (၂၀၀၀)ခုနှစ် သြဂုတ်လနောက်ပိုင်း မွေးဖွားသူ ဖြစ်ပါက Participantအဖြစ်လျှောက်ထားနိုင်ပီး (၂၀၀၀)ခုနှစ် စက်တင်ဘာထက်စောပီး မွေးဖွားသူဖြစ်ပါက Mentorအဖြစ် လျှောက်ထားနိုင်ပါသည်။

 

(၅) Online IQ Quiz ဖြေဆိုသူများထဲမှ Participants (၅)ဦးအားရွေးချယ်မည်ဖြစ်ပါသည်။ ရွေးချယ်ခံ Participants (၅)ဦးအား Phandeeyar မှ Interview လာရောက် စစ်မေးမည်ဖြစ်ပြီး Interviewအောင်မြင်ပါက မန္တလေးတိုင်း ကိုယ်စားပြုအသင်းအဖြစ် ဆက်လက်ယှဉ်ပြိုင်ရမည် ဖြစ်ပါသည်။ ထိုသို့ဆက်လက်ယှဉ်ပြိုင်ရာတွင် မိမိတက္ကသိုလ်မှ Mentorများထဲမှ တစ်ဦးအား Participants နှင့် Roboleague Focal Point (RFP) တို့ ပူးပေါင်း၍ ရွေးချယ်မည်ဖြစ်ပါသည်။

 

(၆) ရွေးချယ်ခံ Mentor အနေဖြင့် ပြိုင်ပွဲနှင့် ပတ်သက်သော Trainingအား Mayလဆန်းတွင် တက်ရောက်ရမည်ဖြစ်ပါသည်။ Trainingအပြီးတွင် Phandeeyarမှ ပေးအပ်သော Robot kitကိုအသုံးပြု၍ Mentor၏လမ်းညွှန်မှုဖြင့် Participants(၅)ဦးမှ Themeနှင့်ကိုက်ညီသော Robotကိုတည်ဆောက်ရမည် ဖြစ်ပါသည်။

 

(၇) တိုင်းနှင့်ပြည်နယ် (၁၄)ခုအား ကိုယ်စားပြုသော အသင်း(၁၄)သင်းသည် မိမိတို့တည်ဆောက်ထားသော Robotဖြင့် ဇွန်လ(၁)ရက်နေ့တွင် နိုင်ငံတော်အဆင့်ပါဝင် ယှဉ်ပြိုင်ရမည် ဖြစ်ပါသည်။ ရွေးချယ်ခံရသော အသင်းအနေဖြင့် October 3-5,2019 တွင် UAE နိုင်ငံ ဒူဘိုင်း တွင်ကျင်းပမည့် “2019 First Global Challenge”သို့ မြန်မာနိုင်ငံကိုယ်စားပြုအသင်းအဖြစ် သွားရောက် ယှဉ်ပြိုင်ရမည် ဖြစ်ပါသည်။

 

(၈) “Myanmar Roboleague 2019” ပြိုင်ပွဲအား စိတ်ပါဝင်စားသူ ကျောင်းသား/သူများအနေဖြင့် ကွန်ပျူတာတက္ကသိုလ်(မန္တလေး)၏ Roboleague Focal Point (RFP) ဖြစ်သော Dr.ဝေဝေဇင် (ကွန်ပျူတာစနစ်နှင့်နည်းပညာမဟာဌာန) (ဖုန်း- ၀၉-၄၄၄၀၃၆၅၆၆) ထံတွင် ၂၅.၃.၂၀၁၉မှ ၄.၄.၂၀၁၉အတွင်း ဉီးစွာအမည်စာရင်းပေးသွင်းရမည် ဖြစ်ပါသည်။ Registration ပြုလုပ်၍ Online IQ Quiz ဖြေဆိုရမည့်ရက်မှာ ပထမနှစ်ဝက်စာမေးပွဲနှင့်တိုက်ဆိုင်နေပါသဖြင့် စာမေးပွဲဖြေဆိုပြီးမြောက်မည့် ၄.၄.၂၀၁၉မှ ၁၂.၄.၂၀၁၉အတွင်း ဖြေဆိုကြရမည် ဖြစ်ပါသည်။ IQ Quiz ဖြေဆိုရာတွင် တစုံတရာမှားယွင်းမှုမဖြစ်ပေါ်စေရန် သက်ဆိုင်ရာ (RFP) ဖြစ်သော Dr.ဝေဝေဇင်မှ ရှင်းလင်းပြောကြားပေးမည်ဖြစ်ပါသည်။

 

(၉) “Myanmar Roboleague 2019”နှင့်ပတ်သက်၍ Notice board တွင်လည်း ကြေညာထားမည်ဖြစ်ပါသည်။

IMG_5566 IMG_5567 IMG_5568 IMG_5569 IMG_5570 IMG_5571

 

 



Back