Home » Announcements » Youth Innovation Showcase & Awards 2019 သို့ ပါ၀င်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ခြင်း

Youth Innovation Showcase & Awards 2019 သို့ ပါ၀င်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ခြင်း

  1. စင်္ကာပူနိုင်ငံ၌ ၂၀၁၉ ခုနှစ်၊ မေလ ၁၈ ရက်နေ့မှ ၁၉ ရက်နေ့ထိ စင်္ကာပူနိုင်ငံ၊ Infocomm Media Development Authority (IMDA) မှ ကြီးမှူးကျင်းပြုလုပ်မည့် Youth Innovation Showcase & Awards 2019 သို့ မြန်မာနိုင်ငံ တက္ကသိုလ်နှင့် ကောလိပ်များမှ ကျောင်းသား လူငယ်များ ပါ၀င်ယှဉ်ပြိုင်နိုင်ပါသည်။
  2. အဆိုပါ ယှဉ်ပြိုင်ပွဲတွင် Digital Wonderland 2019 ခေါင်းစဉ်အောက်၌ Team Detail အနေဖြင့်လည်းကောင်း၊ Project Detail အနေဖြင့်လည်းကောင်း ပါ၀င်ယှဉ်ပြိုင်နိုင်ပြီး ပါ၀င်ယှဉ်ပြိုင်သူများ အနေဖြင့် အသွား/အပြန် လေယာဉ်စရိတ်၊ နေထိုင်စားသောက်စားရိတ်တို့ကို မိမိအစီအစဉ်ဖြင့် ကျခံရမည် ဖြစ်ပါသည်။ ပြိုင်ပွဲ၀င်မည့် ကျောင်းသား ကျောင်းသူများသည် ၎င်းတို့ယှဉ်ပြိုင်မည့် အကြောင်းအရာကို ဓါတ်ပုံ၊ ဗွီဒီယိုဖိုင်များဖြင့် (၈.၃.၂၀၁၉)ရက်နေ့ နောက်ဆုံးထားပေးပို့ရမည်ဖြစ်ပါသည်။
  3. အဆိုပါ Youth Innovation Showcase & Awards 2019 ပြိုင်ပွဲသို့ ပါ၀င်ယှဉ်ပြိုင်လိုသည့် ကျောင်းသား၊ကျောင်းသူများအနေဖြင့် လိုအပ်သောပြိုင်ပွဲဆိုင်ရာ အောက်ပါအချက်အလက်များကို ရယူနိုင်ပါသည်။
    • Youth Innovation Showcase & Awards 2019 ဆိုင်ရာအချက်အလက်များ
    • Digital Wonderland (Team Details Registration Form)
    • Digital Wonderland (Project Details Registration Form)



Back